ဘဝသစ်/၌ ရှင်သန်ခြင်း
3
သင်တို့/သည် ခရစ်တော်/နှင့်/အတူ ထမြောက်ပြီ/ဖြစ်၍ ဘုရားသခင်/၏ လက်ယာတော်/ဘက်/၌ ထိုင်တော်မူသည့် ခရစ်တော်/တည်ရှိရာ အထက်/အရပ်/၌ ရှိသော အရာများ/ကို တောင့်တကြလော့။ 2 မြေကြီး/ပေါ်/တွင် ရှိသော အရာများ/ကို မစွဲလမ်း/ဘဲ အထက်/အရပ်/၌ ရှိသော အရာများ/ကိုသာ စွဲလမ်းကြလော့။ 3 အဘယ်ကြောင့်ဆိုသော် သင်တို့/သည် သေ/၍ သင်တို့/အသက်/သည် ခရစ်တော်/နှင့်အတူ ဘုရားသခင်/ထံ၌ ဝှက်ထား/သောကြောင့် ဖြစ်၏။ 4 သင်တို့/၏ အသက်/ဖြစ်သော ခရစ်တော် ပြန်ကြွလာ/၍ ထင်ရှား/သောအခါ သင်တို့/သည်လည်း ကိုယ်တော်/နှင့်အတူ ဘုန်းကြီး/၍ ထင်ရှားကြ/လိမ့်မည်။5 ထို့ကြောင့် တရား/နှင့်/မညီသော မေထုန်/ပြုခြင်း၊ စက်ဆုပ်/ညစ်ညမ်းခြင်း၊ ကိလေသာ/စိတ် ပြင်းပြခြင်း၊ မကောင်းမှု/ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း/ဟူသော လောဘ/လွန်ကြူးခြင်း စသည့် လောကီ/ဆိုင်ရာ/အကျင့်တို့/ကို အဆက်ဖြတ်ကြလော့။ 6 ထိုသို့သော/အကျင့်များ/ကြောင့် ဘုရားသခင်/၏/အမျက်တော်/သည် မနာခံသော/သူတို့/အပေါ် သက်ရောက်၏။ 7 ယခင်က သင်တို့/သည်လည်း ထို/အကျင့်များ ကျင့်/လျက် ထို/ဘဝမျိုး/ဖြင့် ပြုမူနေထိုင်ခဲ့ကြ၏။ 8 သို့သော် ယခု/အခါ သင်တို့/သည် အမျက်ထွက်ခြင်း၊ ဒေါသ/ထွက်ခြင်း၊ မလိုမုန်းထား/ဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ညစ်ညမ်းသော စကား/ကို ပြောဆိုခြင်း စသည့်/အရာများ/ကို ဖယ်ရှားကြလော့။ 9 အချင်းချင်း မလိမ်လည်ကြနှင့်။ သင်တို့/သည် လူဟောင်း/နှင့် ၎င်း/၏ အကျင့်များ/ကို ဖယ်ရှားပြီ/ဖြစ်၍ 10 လူသစ်/ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်/ကို မှန်ကန်/စွာ သိနိုင်/ရန် ထို/လူသစ်/သည် ဖန်ဆင်းရှင်/၏ ပုံသဏ္ဌာန်တော်/နှင့်/အညီ အစဉ် အသစ်/ပြုပြင်/မွမ်းမံခံရ၏။ 11 သို့ဖြစ်၍ ဂျူးလူမျိုး/နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသူ/နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်/နှင့် လွတ်လပ်သူ/ဟူ၍ ခြားနားမှု/မရှိပေ။ ခရစ်တော်/သည်သာ အရေးပါ/၍ ကျွန်ုပ်တို့/အားလုံး/အထဲတွင် ကိန်းအောင်းတော်မူ၏။
12 ထို့ကြောင့် သင်တို့သည်/ဘုရားသခင် ရွေးချယ်တော်မူသော/သူများ၊ သီးသန့်/ထားတော်မူသော/သူများ၊ ချစ်တော်မူသော/သူများ/ဖြစ်သည့်/အားလျော်စွာ ကရုဏာ/ထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း/နှင့် သည်းခံခြင်း/တို့ကို ဝတ်ဆင်ကြလော့။ 13 တစ်ဦး/နှင့်/တစ်ဦး အပြစ်တင်/စရာ/ရှိလျှင် အချင်းချင်း သည်းခံ/၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရား/သည် သင်တို့/ကို ခွင့်လွှတ်/သကဲ့သို့ သင်တို့/သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။ 14 အထက်ပါ အကျင့်သီလ/များ အပေါ်/တွင် ချစ်ခြင်းမေတ္တာ/ကို ဝတ်ဆင်ကြလော့။ ထို/ချစ်ခြင်းမေတ္တာ/သည် သင်တို့/အားလုံး/ကို စည်းလုံး/အောင် စုစည်း/နှောင်ဖွဲ့ပေး၏။ 15 သင်တို့/သည် ကိုယ်ခန္ဓာ/တစ်ခုတည်း/၏ အစိတ်အပိုင်းများ ဖြစ်/၍ ငြိမ်းချမ်း/စွာ နေထိုင်/ရန် ရွေးချယ်ခြင်း/ခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း/သည် သင်တို့/၏ နှလုံးသား/၌ စိုးမိုးပါစေသော။ ဘုရားသခင်/ကိုလည်း ကျေးဇူးတင်ကြလော့။
16 ခရစ်တော်/၏ တရားတော်/ကို သင်တို့/အထဲ/၌ ပြည့်ပြည့်ဝဝ/တည်စေကြလော့။ တစ်ဦး/ကို/တစ်ဦး ဉာဏ်ပညာ/အမျိုးမျိုး/ဖြင့် သွန်သင်/၍ သတိပေး/ဆုံးမကြလော့။ ကျေးဇူးတင်သော/စိတ်/နှင့် ဆာလံ/သီချင်းများ၊ ဓမ္မ/သီချင်းများ၊ ဝိညာဉ်/ရေးရာ/သီချင်းများ/ကို ဘုရားသခင်/ထံ လှိုက်လှိုက်လှဲလှဲ/သီဆိုကြလော့။ 17 အပြောအဆို/အားဖြင့်/ဖြစ်စေ၊ အပြုအမူ/အားဖြင့်/ဖြစ်စေ ပြုလေသမျှတို့/တွင် သခင်/ယေရှု/၏ နာမတော်/ကို ထောက်/၍ ပြုကြလော့။ ထို/သခင်/ကို အကြောင်းပြု/၍ အဖ/ဘုရားသခင်/ကို ကျေးဇူးတင်ကြလော့။
18 ဇနီးသည်တို့… သခင်ဘုရား/၏ လူများ ပြုမူနေထိုင်/သင့်သည့်/အတိုင်း သင်တို့/၏ ခင်ပွန်းသည်/ကို နာခံကြလော့။ 19 ခင်ပွန်းသည်တို့… သင်တို့/၏ ဇနီးသည်/ကို ချစ်ကြလော့။ ကြမ်းတမ်း/စွာ မပြုမူကြနှင့်။
20 သားသမီးတို့… သခင်ဘုရား/နှစ်သက်တော်မူသည်/နှင့်အညီ အရာရာ/၌ မိဘ/စကား/ကို နားထောင်ကြလော့။ 21 ဖခင်တို့… သင်တို့၏ သားသမီးများ/စိတ်မပျက်/စေရန် သူတို့/ကို နာကြည်း/အောင် မပြုကြနှင့်။
22 ကျွန်/ဖြစ်သူတို့… အရာရာ/၌ သင်တို့/၏ လောကီ/သခင်/ကို နာခံကြလော့။ မျက်နှာသာ/ရ/ရန်/အတွက် သူ့/ရှေ့/၌သာ နာခံသည်/မဟုတ်ဘဲ သခင်ဘုရား/ကို ကြောက်ရွံ့/ရိုသေ/လျက် ရိုးသားသော/စိတ်/ဖြင့် နာခံကြလော့။ 23 သင်တို့ ပြုလေ/သမျှ/တို့တွင် လူတို့/အတွက် ပြု/သကဲ့သို့/မဟုတ်ဘဲ သခင်ဘုရား/အတွက် ပြု/သကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။ 24 သင်တို့/သည် သခင်/ခရစ်တော်/ကို အစေခံကြ/သောကြောင့် ဆုလာဘ်/အဖြစ် ကတိထားတော်မူသော/အမွေတော်/ကို သခင်ဘုရား/ထံမှ ရရှိမည်/ကို သိမှတ်ကြလော့။ 25 ဘုရားသခင်/သည် မျက်နှာလိုက်တော်မမူတတ်/သောကြောင့် မတရားမှု/ကို လုပ်ဆောင်သော/သူတို့/သည် မတရားမှု/၏ အကျိုးဆက်/ကို ပြန်လည်/ခံရ/လိမ့်မည်။